Tuesday, March 6, 2012

Japanese Proverbs (1)



ဂျပန် စကားပုံလေးတွေက မြန်မာစကားပုံတွေလိုပဲ စိတ်ဝင်စားစရာ ကောင်းလို့ မှတ်သားမိသမျှလေး တင်ပြလိုက်ပါတယ်။
  • 花より団子

(はなよりだんご)
Hana yori dango
အဓိပ္ပါယ်က ပန်းထက် မုန့်လုံးကြီး’ တဲ့။ (စိတ်ကူးမယဉ်ဘဲ လက်တွေ့ကို ဦးစားပေးတယ်၊ ပန်းထက် စားစရာ မုန့်လုံးကြီးကို ဦးစားပေးတယ်လို့ ဆိုလိုတာပါ)



  • 猫に小判

(ねこにこばん)
Neko ni koban
ကြောင်မှာ ရွှေဒင်္ဂါး



  • 豚に真珠

(ぶたにしんじゅ)
buta ni shinju
ဝက်မှာ ပုလဲဆင်(အထက်က စကားပုံနဲ့ အဓိပ္ပါယ်က အတူတူပါပဲ)




  • 馬の耳に念仏

(うまのみみにねんぶつ)
Uma no mimi ni nenbutsu
မြင်းရဲ့  နားမှာ ဂါထာရွတ် (ကျွဲပါး စောင်းတီး)




  • 鵜の真似をする烏

(うのまねをするからす)
U no mane wo suru karasu
တင်ကျီးငှက်ကို တုပတဲ့ ကျီးကန်း (ဒေါင်းယောင်ဆောင်သော ကျီး)




  • 猿も木から落ちる

(さるもきからおちる)
Saru mo ki kara ochiru.
မျောက်လည်း သစ်ပင်ပေါ်ကနေ လိမ့်ကျတတ်တယ်။
(ပညာရှိ သတိဖြစ်ခဲ)

  • 嘘も方便

(うそもほうべん)
Uso mo hôben.
မုသားမပါ လင်္ကာမချော

  • 二兎追う物は、一兎をも得ず

(にとおうものは、いっとをもえず)
Ni to oumono wa itto wo mo ezu.
ယုန်(၂)ကောင်လုံးကို လိုက်ရင် တစ်ကောင်မှ ရမှာ မဟုတ်ဘူး။
(အလိုကြီး အရနည်း)

  • 人の噂も七十五日

(ひとのうわさもななじゅうごにち)
Hito no uwasa mo nana jû go nichi.

လူတွေရဲ့ ကောလဟာလဆိုတာ (၇၅) ရက်ပါ။

(ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့  (၇) ရက်)

  • 郷にいれば郷に従え

(ごうにいればごうにしたがえ)
Gô ni ireba gô ni shitagae.

ရောမရောက်ရင် ရောမလိုကျင့်။

(ဗဟုသုတ ပြည့်ဝကြပါစေ)



No comments:

Post a Comment