Thursday, May 31, 2012

Japanese Proverbs (6)


ぜんはいそげ
善は急げ
Zen wa isoge
အချိန်ရှိခိုက် လုံ့လစိုက်။
(ကောင်းတာဆို မြန်မြန်လုပ်။)
(Strike while the iron is hot.)


のうあるたかはつめをかくす
能ある鷹は爪を隠す
Nô aru taka wa tsume wo kakusu
လူပြောမသန်၊လူသန် မပြော။
(ဦးဏှောက်ကောင်းတဲ့ သိမ်းငှက်က လက်သည်းကို ဝှက်ထားတယ်။)
(The person who knows most often says least.)


いっすんのこういんかろんずべからず
一寸の光陰軽んずべからず
Issun no kôin karonzu bekarazu
အချိန်တိုင်းဟာ တန်ဖိုးရှိတယ်။
(တစ်ခဏလေးကိုတောင် အထင်မသေးပါနဲ့။)
(There isn’t a moment to be wasted.)
  

くるしいときのかみだのみ
苦しい時の神頼み
Kurushii toki no kamidanomi
ခလုတ်ထိမှ အမိတ။
(ဒုက္ခရောက်မှ ဘုရားဆီမှာ အသနားခံတယ်။)
(Danger past, God forgotten.)


らくあればくあり
楽あれば苦あり
Raku areba ku ari
မုန်တိုင်းပြီးရင် လေပြေလာတယ်။
(After pleasure comes pain.)

Wednesday, May 30, 2012

Japanese Proverbs (5)



かべにみみありしょうじにめあり
壁に耳あり障子に目あり
Kabe ni mimi ari shôji ni me ari
နံရံတွေမှာလည်း နားတွေ ရှိသလို၊ ရှိုးဂျိမှာ မျက်လုံးရှိတယ်။
(ရှိုးဂျိဆိုတာ စက္ကူနဲ့ လုပ်ထားတဲ့ ရွေ့လျားတံခါးကို ဆိုလိုတာပါ)
(Walls have ears.)

しゃかにせっぽう
釈迦に説法
Shaka ni seppô
မိကျောင်းမင်း ရေကင်းပြ။
(ဘုရားကို တရားဟောသတဲ့)
(Teaching your grandmother to suck eggs.)

じゅうにんといろ
十人十色
Jûnin to iro
လူတစ်ကိုယ် အကြိုက်တစ်မျိုး။
(လူ(၁ဝ)ယောက် အရောင်(၁ဝ)မျိုး)
(Several men, several minds.)

せんどうおおくしてふねやまにのぼる
船頭多くして舟山に上る
Sendô ooku shite fune yama ni noboru
ဆရာများ သားသေ။
(လှေသမား များတော့ လှေက တောင်ပေါ်ထောင်တက်လို့ ဘာသာပြန်ရမယ် ထင်ပါ့။)
(Too many cooks spoil the broth.)

おんなごころとあきのそら
女心と秋の空
Onna gokoro to aki no sora
မိန်းမနှလုံးသားနဲ့ ဆောင်းဦးရဲ့ကောင်းကင်။
(အပြောင်းအလဲ မြန်တာကို ဆိုလိုတာပါ။)
(Woman’s heart and autumn weather are both fickle.)

Hokkaido and Snow


ဂျပန်နိုင်ငံမှာ နှင်းတွေ ထူထပ်စွာ ကျပြီး အအေးဆုံးနေရာ တစ်ခုကတော့ ဟော့ကိုင်းဒိုးကျွန်းပါ။ အဓိက ကျွန်း(၅)ခု(ဟွန်းရှူး၊ဟော့ကိုင်းဒိုး၊ရှိကိုးကု၊ကျူရှူး၊အိုကီနာဝါ) ရှိတဲ့ အနက် ဒုတိယ အကြီးဆုံးကျွန်းတစ်ခု ဖြစ်ပါတယ်။ဆောင်းရာသီမှာဆိုရင် အင်မတန် အေးပြီး၊  နွေရာသီမှာတောင် ရာသီဥတုက အေးမြနေတတ်ပါတယ်။နှင်းချစ်တဲ့သူတွေ အလည် သွားဖို့ တိုက်တွန်းလိုပါတယ်။ ဆောင်းကုန်လို့ နွေဦးရာသီ ကူးတဲ့အချိန်အထိ နှင်းတွေက အရည်မပျော်ဘဲ တောင်ပုံရာပုံ မြင်တွေ့ရပါလိမ့်မယ်။
သွားရေးလာရေးအတွက် သက်ဆိုင်ရာက နှင်းတွေကို ဖယ်ရှားပေးပေမယ့် မိမိ အိမ်ခေါင်မိုးပေါ်က နှင်းခဲတွေကိုတော့ ကိုယ်တိုင် ဖယ်ရှားရတာဆိုတော့ မသက်သာလှပါဘူး။မလုပ်ရင်လည်း အိမ်ခေါင်မိုး ပြိုကျရင် အခက်သားလား။အဖိုးကြီး၊ အဖွားကြီးတွေပဲ နေတဲ့အိမ်ဆိုရင်တော့ ပိုက်ဆံပေးပြီး ခိုင်းရမယ် ထင်ပါရဲ့ ။
ခေါင်မိုးပေါ်က နှင်းခဲတွေကို ဖယ်ရှားဖို့လို





နှင်းတွေက အခုလို တောင်ပုံယာပုံ



လမ်းဘေးဝဲယာက နှင်းခဲတွေ



ဟနဘိ ဆိုတာ









ဂျပန်လို ဟနဘိ(hanabi/花火)ဆိုတာ မီးရှူးမီးပန်းပစ်လွှတ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်ကြီးက မီးပုံပျံပွဲလို ရက်ရှည်လများ အပင်ပန်းခံလုပ်ရတဲ့ ပွဲတစ်ပွဲပါ။၂ နာရီ၊၃ နာရီလောက် ဆက်တိုက် မီးရှူးမီးပန်းတွေ လွှတ်တင်ရတာဖြစ်လို့ အကုန်အကျလည်း အရမ်းများမယ် ထင်ပါရဲ့ ။ရိုးရာ ကီမိုနိုဝတ်စုံတွေ ဝတ်ပြီး ဟနဘိ ကြည့်တဲ့ ဂျပန်မတွေလည်း ရှိပါတယ်။ ပွဲမစခင် ၃၊၄ နာရီကတည်းက (ပွဲခင်းမှာ ဖျာခင်းသလို) နေရာဦးထားသူတွေကလည်း မနည်းလှ။

Wednesday, May 23, 2012

Japanese proverbs (4)


いわぬがはな
言わぬが花
Iwanu ga hana
တိတ်တိတ်နေ ထောင်တန်။
(ဘာမှ မပြောဘဲနေတာက ပန်း..တဲ့)
(Silence is golden.)


こういんやのごとし
光陰矢の如し
Kôin ya no gotoshi
အချိန်နဲ့ ဒီရေသည် လူကို မစောင့်။
(အချိန်ဟာ မြားတစ်စင်းလိုပဲ)
(Time and tide waits for no man.)

いっすんさきはやみ
一寸先は闇
Issun saki wa yami
အနာဂတ်ဆိုတာ ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ပါ။
(The future is a closed book.)


いそがばまわれ
急がば回れ
Isogaba maware
အလျှင်လို အနှေးဖြစ်။
(More haste, less speed.)


あばたもえくぼ
痘痕もえくぼ
Abata mo ekubo
အချစ်မှာ မျက်စိမရှိ။
(ကျောက်ပေါက်မာကိုလည်း ပါးချိုင့်လိုထင်)
 (Love is blind.)

Wednesday, May 16, 2012

ဟနမိ ဆိုတာ


ဟနမိ ဆိုတာ
ဟနမိ(はなみ/花見)ဆိုတာ ပန်းကြည့်ခြင်းလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ ဆောင်းဦးနဲ့ နွေဦးပေါက် ရာသီတွေမှာ ဂျပန်တွေ ပန်းကြည့်ထွက်လေ့ ရှိပါတယ်။ အဓိက ကတော့ ချယ်ရီပန်း(ဆာကူရာ/さくら) ကြည့်ပွဲလို့ ဆိုနိုင်ပါတယ်။ အချို့ ကတော့ ချယ်ရီပန်းပင်အောက်မှာ ဂျပန်အရက်ကို ဇိမ်ခံသောက်ရင်း ချယ်ရီပန်းအလှကို ခံစားတတ်ကြပါတယ်။ဟနမိ ဇခဲ(はなみざけ/花見酒)လို့ ခေါ်ပါတယ်။ အချို့ ကတော့ မိသားစု စုံစုံညီညီ ချယ်ရီပင်အောက်မှာ ပျော်ပျော်ပါးပါး စားကြ၊သောက်ကြပါတယ်။ ဂျပန်နိုင်ငံတဝှမ်းလုံး ပန်းကြည့်ထွက်တဲ့ အချိန်ကတော့ ဒေသအပေါ်လိုက်ပြီး ကွဲပြားလေ့ ရှိပါတယ်။ အိုကီနာဝါလို အပူပိုင်း ဒေသမှာတော့ အရင်ဆုံး ပွင့်လေ့ ရှိပြီး၊ ဟော့ကိုင်းဒိုးလို အအေးပိုင်းဒေသမှာတော့ ပန်းပွင့်တာ နောက်ကျလေ့ ရှိပါတယ်။
ကိုယ့်အဖွဲ့ နဲ့ကိုယ်

နေခြည်နုနုအောက်က ချယ်ရီပင် အလှ

နောက်ထပ် ဂျပန်လူမျိုးတွေ တကူးတက ကြည့်လေ့ရှိတာကတော့ ဆောင်းဦးပေါက်မှာ အရောင်ပြောင်းလေ့ရှိတဲ့ မိုမိဂျိလို့ ခေါ်တဲ့ မေပယ်ပင် ဖြစ်ပါတယ်။ ကျူလစ်ပင်၊အူမဲ စတဲ့ ပန်းတွေပွင့်ချိန်ကလည်း အင်မတန်လှပါတယ်။


ကျူလစ်ပန်းရဲ့ အလှ