ဟနမိ
ဆိုတာ
ဟနမိ(はなみ/花見)ဆိုတာ
ပန်းကြည့်ခြင်းလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ ဆောင်းဦးနဲ့ နွေဦးပေါက်
ရာသီတွေမှာ ဂျပန်တွေ ပန်းကြည့်ထွက်လေ့
ရှိပါတယ်။ အဓိက ကတော့ ချယ်ရီပန်း(ဆာကူရာ/さくら) ကြည့်ပွဲလို့ ဆိုနိုင်ပါတယ်။ အချို့ ကတော့ ချယ်ရီပန်းပင်အောက်မှာ
ဂျပန်အရက်ကို ဇိမ်ခံသောက်ရင်း ချယ်ရီပန်းအလှကို ခံစားတတ်ကြပါတယ်။ဟနမိ ဇခဲ(はなみざけ/花見酒)လို့
ခေါ်ပါတယ်။ အချို့ ကတော့ မိသားစု စုံစုံညီညီ ချယ်ရီပင်အောက်မှာ ပျော်ပျော်ပါးပါး စားကြ၊သောက်ကြပါတယ်။
ဂျပန်နိုင်ငံတဝှမ်းလုံး ပန်းကြည့်ထွက်တဲ့ အချိန်ကတော့ ဒေသအပေါ်လိုက်ပြီး ကွဲပြားလေ့
ရှိပါတယ်။ အိုကီနာဝါလို အပူပိုင်း ဒေသမှာတော့ အရင်ဆုံး ပွင့်လေ့ ရှိပြီး၊ ဟော့ကိုင်းဒိုးလို
အအေးပိုင်းဒေသမှာတော့ ပန်းပွင့်တာ နောက်ကျလေ့ ရှိပါတယ်။
ကိုယ့်အဖွဲ့ နဲ့ကိုယ်
|
| နေခြည်နုနုအောက်က ချယ်ရီပင် အလှ |
No comments:
Post a Comment