Wednesday, June 27, 2012

Basic Japanese Language


                               ဂျပန်စကား စတင်လေ့လာကြရအောင်
                                


ဂျပန်စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် ဂျပန်သတင်းစာ တစ်စောင်ကို ကြည့်မယ်ဆိုရင် အက္ခရာ (၃)မျိုးနဲ့ ရောထွေးပြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။အဲဒီ့ ((၃)မျိုးကတော့
(၁)ဟိရဂန
(၂)ခတခန
(၃)ခန်းဂျီး တို့ ဖြစ်ပါတယ်။ဘာကြောင့် အဲဒီလို ရောထွေး၊ရေးရသလဲ ဆိုရင် တစ်မျိုးတည်းနဲ့ ရေးရင် အဓိပ္ပါယ်က အမျိုးမျိုးဖြစ်နေမှာကြောင့် ဖြစ်ပါတယ်။ဥပမာအားဖြင့် “မိုး”ကို ဂျပန်လို အာမဲ လို့ ခေါ်ပါတယ်။
ချိုချဉ်ကိုလည်း အာမဲ လို့ ခေါ်ပါတယ်(သူတို့ လူမျိုးအချင်းချင်းတော့ အသံထွက် ပီသအောင် ခွဲခြားထွက်တတ်မယ် ထင်ပါတယ်)။ အာမဲကို ဟိရဂန နဲ့ပဲ ရေးရေး၊ ခတခန နဲ့ပဲ ရေးရေး ချိုချဉ်လား၊မိုး’ လား မကွဲပြားပါဘူး။ဒါကြောင့်မို့ ခန်းဂျီးကို သုံးပြီး ကွဲပြားအောင် ရေးရတာပါ။
အာမဲ..ame’
あめ(ဟိရဂန)
アメ(ခတခန)
(ခန်းဂျီး)..မိုး
(ခန်းဂျီး)..ချိုချဉ်/သကြားလုံး

ဂျပန်စာကို စတင်လေ့လာစဉ် အခြေခံလေးတွေ နားမလည်ရင် အခက်အခဲတွေ အများကြီး ကြုံရတတ်ပါတယ်။အများစု သိကြတဲ့ အတိုင်း တရုတ်စကားလုံးတွေကို အသုံးပြုထားတဲ့ ခန်းဂျီးကတော့ အခက်ခဲဆုံး ဖြစ်ပါတယ်။ဂျပန်စာကို ရေးနိုင်ဖို့၊ ဖတ်နိုင်ဖို့ ဆိုရင် ခန်းဂျီးကို မဖြစ်မနေ လေ့လာရပါလိမ့်မယ်။ပထမဆုံးအနေနဲ့ကတော့ ဟိရဂန နဲ့ ခတခန ကို စတင်လေ့လာရပါ့မယ်။
          ခတခန သုံးပြီး ရေးတာတွေ အများစုက တခြားဘာသာက ဆင်းသက်လာတဲ့ မွေးစားစကားလုံးတွေ ဖြစ်ပါတယ်။ဥပမာ..ミャンマーမြန်မာလို့ ရေးပါတယ်။နိုင်ငံခြားသားတွေရဲ့ နာမည်ကိုလည်း ခတခန နဲ့ ရေးပါတယ်။နားလည်မှု မလွဲနိုင်တဲ့၊နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကို ယူလိုတဲ့ အချို့စကားလုံးတွေကိုလည်း ခတခန နဲ့ ရေးလေ့ရှိပါတယ်။ဥပမာ (カエル..ဖား)
          ခန်းဂျီး အလုံးရေ (၅ဝဝဝဝဝ) ငါးသောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နေ့စဉ်သုံး အလုံးရေက ဒီလောက်မများပါဘူး။ပညာရေး ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ အဓိက အသုံးအများဆုံးက (၁၉၄၅)လုံးပဲ ရှိတာပါ။စာလုံးရေ (၁ဝဝဝ)လောက် သိရင် သတင်းစာရဲ့ (၉ဝ) ရာခိုင်နှုန်းဖတ်နိုင်တယ်လို့ သိရပါတယ်။(၅ဝဝ)လောက် သိရင်တော့ (၆ဝ) ရာနှုန်းလောက် နားလည်နိုင်ပါလိမ့်မယ်။ကလေးတွေ ဖတ်လေ့ရှိတဲ့ စာအုပ်တွေက ခန်းဂျီးစာလုံးရေ နည်းနည်းနဲ့ ရေးထားတာမို့ စာဖတ်လေ့ကျင့်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။
          စာလုံးရေ နှစ်ထောင်ဝန်းကျင်ကိုများ..ဘာခက်တာမှတ်လို့..မထင်ပါနဲ့။ဒီတစ်လုံးက နောက်တစ်လုံးနဲ့ တွဲလိုက်ရင် အဓိပ္ပါယ် တစ်မျိုးပြောင်းသွားတတ်လို့ပါ။ဥပမာ…အုမဲ ()ဆိုတဲ့ ဂျပန်ဆီးသီးကို အာမဲ()ဆိုတဲ့ မိုးရဲ့ ခန်းဂျီးနဲ့ တွဲလိုက်ရင် 梅雨မိုးရာသီ ဖြစ်သွားပါတယ်။အသံထွက်ကလည်း ဆုယု လို့ ပြောင်းသွားပါတယ်။
          နောက်တစ်ခု ဥပမာပြောရရင် အပေါ်ကို အုအဲ()လို့ ခေါ်ပါတယ်။ပင်လယ်ကို ဂျပန်လို အုမိ()လို့ ခေါ်ပါတယ်။အဲဒီ့ ခန်းဂျီး(၂)လုံးကို ပေါင်းလိုက်ရင် ဘာဖြစ်သွားမယ်လို့ ထင်ပါသလဲ….တရုတ်ပြည်က ရှန်ဟိုင်း(Shanghai)ဖြစ်သွားပါတယ်။ဒါကြောင့်မို့ ခန်းဂျီးကို အများစု လက်မှိုင်ချရတာပါ။ကျွန်တော် သိသလောက် ပြောရရင် နိုင်ငံခြားသားကို မပြောနဲ့၊ သူတို့ လူမျိုးတွေတောင် ခန်းဂျီးမနိုင်တဲ့သူက များပါတယ်။အသက်အရွယ်ကြီးတဲ့သူ အများစုက ရေးနိုင်၊ဖတ်နိုင်ပေမယ့် အထက်တန်းအောင်ပြီးသူ အခုခေတ် လူငယ်၊လူရွယ်တွေထဲမှာ ခန်းဂျီးကို ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်၊ဖတ်နိုင်တဲ့သူ အတော်လေး နည်းသွားတာ တွေ့ရပါတယ်။နည်းပညာတွေ တိုးတက်လာပြီး လက်နဲ့ ချရေးစရာ မလိုတော့တဲ့ အတွက်၊ တကယ်တမ်း ရေးဖို့ ကြုံလာတဲ့ အခါ ဂျပန်လူမျိုးတွေ ကိုယ်တိုင် လက်ကိုင်ဖုန်းကို ကြည့်ပြီး ချရေးတာကို မကြာခဏ တွေ့ရပါတယ်။သူတို့လူမျိုးတွေ ကိုယ်တိုင် သတင်းစာ တစ်စောင်ကို ဖတ်ရင် အဓိပ္ပါယ်ကို နားလည်ပေမယ့် စာတစ်စောင်ကို လက်နဲ့ ချရေးပါဆိုရင် အခက်အခဲ တွေ့ကြလေ့ ရှိပါတယ်။
(မှတ်ချက်…..ကျွန်တော်ဧ။် ထင်မြင်ယူဆချက်သာ ဖြစ်ပါသည်။)

No comments:

Post a Comment